ဇလွန်   ၂၃  မေ 

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာအုပ်စု၊ ထုံးတပိုကျေးရွာအုပ်စုနှင့် ကူးတို့ဆိပ်ကျေးရွာအုပ်စု တို့တွင် မေ ၂၂ ရက် ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ခြောက်လုံး အမိုးလန်၍ တစ်လုံး ပြိုလဲပျက်စီးခဲ့ကာ စုစုပေါင်း လူနေအိမ် ခုနစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

 


ဝေယံ(ပြန်/ဆက်)

 

dfw