ဇလွန် ၂၈ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် သဲကုန်းကျေးရွာအုပ်စုတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိိုးတိုးတက်ရေးဦးစီးဌာနမှ ဧရာဝတီဖြတ် မြောင်းတူးဖော် ဖောက်လုပ်ခဲ့မှုကြောင့် သဲကုန်းကျေးရွာအုပ်စုအတွင်း ပျက်စီးသွားသော တောင်သူများ၏ ကိုင်းမြေများအား မြေယာနစ်နာကြေးနှင့် သီးနှံနစ်နာလျော်ကြေး ပေးလျော်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဇလွန်မြို့နယ် သဲကုန်းကျေးရွာအုပ်စုတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိိုးတိုး တက်ရေးဦးစီးဌာနမှ ဧရာဝတီဖြတ်မြောင်း တူးဖော်ဖောက်လုပ်ခဲ့မှုကြောင့် ပျက်စီးသွားသောတောင်သူ ( ၁၀ ) ဦး၏ ကိုင်းမြေ ( ၁၆ . ၀၁ )ဧကအား တစ်ဧကလျှင် ၁၀၀၀၀၀၀ ကျပ်ဆယ်သိန်း နှုန်းဖြင့် ငွေကျပ် သိန်း ၁၆၀၁၀၀၀၀ နှင့် ခရမ်းချဉ်၊ ဂေါ်ဖီ ၊ ပဲလွန်း သီးနှံစိုက်ဧက ( ၅. ၀၀) ဧကအတွက် ငွေကျပ်သိန်း ၂၉၈၁၄၇၅၀ စုစုပေါင်း ငွေကျပ်သိန်း ၄၅၈၂၄၇၅၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ပေးလျော်ခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


