ဇလွန်  ၂၅  ဇူလိုင်   


ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပကွဲရေလဲ၊ သက္ကယ်ကျွန်း၊ ပကွဲ၊ ကူးတို့ဆိပ်၊ ရေလဲ၊ သာဓုချောင်း၊ ညောင်ပင်သာ၊ ထုံးတပိုနှင့် မရိုးခကျေးရွာအုပ်စုတို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၂ လုံး ပြိုလဲခဲ့ပြီး နေအိမ် ၁၆ လုံး အမိုးလန်၍စုစုပေါင်း လူနေအိမ် (၂၈)လုံးနှင့် သက္ကယ်ကျွန်းကျေးရွာ အ.လ.က ဝါးပတော KG စာသင်ကျောင်းဆောင် ၁ ဆောင် အမိုးလန်၍ လေဘေးသင့်ဒဏ်ခံရမှုများဖြစ်ပေါ်ခဲ့ကာ လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။


ဝေယံ-ဇလွန်(ပြန်/ဆက်)

 

5