ဇလွန် ၂၆ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တွင် ငါးရိက္ခာဖူလုံစေရေးအတွက် စပါးခင်းအတွင်း ငါးသားပေါက်အကောင်ရေ တစ်သိန်း စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် တောင်ပို့တစ်ရာ ကျေးရွာအုပ်စုအတွင်းရှိစပါးခင်းဧက(၂၀ဝ)အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသက်အောင်နှင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ဟင်္သာတ ခရိုင်ငါးလုပ်ငန်း ဦးစီးမှူးဦးတင့်လွင် ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးမင်းဇော်နှင့် တောင်သူများ တက်ရောက်ကြပြီး ငါးရိက္ခာဖူလုံစေရေး၊ ငါးစဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် ငါးသယံဇာတ ထိန်းသိမ်းသည့်အနေဖြင့် စပါးခင်းအတွင်းသို့ ငါးခုံမကြီးသားပေါက် အကောင်ရေ တစ်သိန်း စိုက်ထည့်ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)


