နေပြည်တော် စက်တင်ဘာ ၈

 

နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (နေပြည်တော်) နှင့် နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနတို့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စက်တင်ဘာ ၈ ရက် နံနက်ပိုင်းမှ စတင်၍ ဈေးကားဖြင့် လှည့်လည်၍ ရောင်းချပေးလျက်ရှိသည်။

 

ဒေသခံ ပြည်သူများအား စားသုံးဆီ တစ်ပိသာလျှင် ငွေကျပ် ၅၅၀၀ ဖြင့် ဆီပိဿာ ၁၀၀၀ ကျော်ကို ရောင်းချပေးခဲ့ပြီး နေပြည်တော်ရှိ မြို့နယ်၊ ရပ်ကွက်များသို့ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ကိုကို(ပြန်/ဆက်)