နေပြည်တော် ၁၄ မေ
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် အလျင်လိုကျေးရွာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးတို့က အမှာစကားအသီးသီး ပြောကြားကြပြီး နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုးက ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ပေးမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုးနှင့် တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၄၅)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၃၀ဝ၀ဝ) နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် မသန်စွမ်းသူဦးရေ (၁၈၅၃)ဦးရှိကြောင်း သိရသည်။
(ရွှေကုက္ကို)