နေပြည်တော်        ဩဂုတ်        ၂၀

 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် မဏိရတနာကျောက်စိမ်းခန်းမရှေ့တွင် ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ လူမှုအဖွဲ့အစည်းများ အင်အား ၇၀၀ ခန့် စုပေါင်း၍ လမ်းဘေးဝဲယာတစ်လျှောက်  မြက်ပင်များနှင့် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘူးကွဲချောင်း အတွင်းရှိ အမှိုက်သရိုက်များအား ဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်ကားများဖြင့် သိမ်းဆည်း ဆောင်ရွက်ကာ စနစ်တကျစွန့်ပစ်ခြင်း စသည့် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ကိုကို(ပြန်/ဆက်)