ဇမ္ဗူသီရိ  ၃ စက်တင်ဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲတွင်  ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

 

‌el1

 

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် (၇)ဦးနှင့် တစ်သီးပုဂ္ဂလ (၃) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် (၇) ဦး ပါဝင်ယှဉ်ပြိုင်အရွေးခံကြမည် ဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဩဂုတ် ၃၀ ရက်မှစ၍ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို အများပြည်သူများသိရှိစေရန် ကပ်ထားကြေညာထားကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မေမဉ္ဇူ ထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)