ကြာအင်းဆိပ်ကြီး ၃  ဇူလိုင် 


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်  ပြုလုပ်ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းစိုးက လယ်ယာမြေများ နှင့်ပတ်သက်၍ ဥပဒေ နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့် အခွန်နှုန်းများအား ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် တက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများမှ မိမိတို့ သိလိုသည်များကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


မျိုးမင်းဦး(ပြန်/ဆက်)