ကြာအင်းဆိပ်ကြီးမြို့နယ်၌ အခြေခံစားသောက်ကုန် ထုတ်လုပ်မှုသင်တန်းဖွင့်

ကြာအင်းဆိပ်ကြီး ၂၆  မေ

သစ်သီဝလံ အခြေခံစားသောက်ကုန် ထုတ်လုပ်မှုသင်တန်းကို ယနေ့ နံနက် ၁ဝ နာရီခွဲက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

0975

 

သင်တန်းတွင် မြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ဘားအံမြို့မှ အသေးစား စက်မှုလက်မှု ဦးစီးဌာနမှ ဦးစောကြည်လင်းက သင်တန်းတွင် ပို့ချပေးမည့် အစီအစဉ်များ၊ ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းသား(၂၀)ဦး တက်ရောက်ပြီး သစ်သီးယို ပြုလုပ်ခြင်းနှင့် ဆပ်ပြာပြုလုပ်ခြင်းများကို ၇ ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)