ကြာအင်းဆိပ်ကြီး ၂၃ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သြဂုတ်လပထမအပတ်မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ် /ချောင်းများရေလျှံကာ လူနေအိမ်များသို့ရေများဝင်ရောက်ပြီး ရေတွင်းများ ရေနစ်မြုပ်ခဲ့ရသည်။
အဆိုပါနစ်မြုပ်ရေတွင်းများအား ရေကောင်းရေသန့်ပြန်လည်ရရှိပြီး ကျေးလက်နေပြည်သူများကျန်းမာရေး ထိခိုက်မှုမရှိစေရေး သောက်သုံးရေများ ရောဂါကင်းစွာပြန်လည် အသုံးပြုသုံးစွဲနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးစောထူးကပေါ်က ကြီးကြပ်ကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမြင့်အောင်လင်းနှင့်ဝန်ထမ်းများက ကြာအင်းရွှေဒိုးကျေးရွာအုပ်စုရှိ ကျေးရွာများမှ ရေနစ်မြုပ်ခဲ့သောရေတွင်းများအား ရေများစုပ်ယူခြင်းနှင့် ကလိုရင်းဆေးမှုန့်များထည့်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦးပြန်/ဆက်


