ကြာအင်းဆိပ်ကြီး ၁၇ ဩဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆ်ပ်ကြီးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးသီးနှံဖြစ်သည့် ဖူးစားပြောင်းကို စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပြောင်းဖူးတစ်ဖူးလျှင် နှစ်ရာကျပ်အထိ ရရှိကာ ဖူးစားပြောင်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
ဖူးစားပြောင်းစိုက်ပျိုးသည့် ရသေ့ကျေးရွာအုပ်စုရှိ မဲသရောကျေးရွာမှ ဒေသခံတိုင်းရင်းသားတောင်သူ စောကိုကိုဝင်းက မိမိလယ်ယာမြေ၌ ဖူးစားပြောင်း အပင်လေးသောင်းကျော် စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ခူးစွတ်ရောင်းချရာမှ ဝင်ငွေများတိုးပွားရရှိလျက်ကြောင်း၊ အဆိုပါ ဖူးစားပြောင်းကို ယခုနှစ်မှသာ စတင်စမ်းသပ်စိုက်ပျိုးပြီး စိုက်ပျိုးမှုကုန်ကျစရိတ်မှာလည်း အနည်းငယ်သာရှိပြီး အောင်မြင်ဖြစ်ထွန်းကာ မိသားစုအပိုဝင်ငွေရရှိကြောင်း ပြောကြားသည်။
မျိုးမင်းဦး (ပြန်/ဆက်)
