ကြာအင်းဆိပ်ကြီး ၂၃ ဇွန်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြုပ်ခြင်းနှင့်စိုက်ပျိုးရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ခလယ်ကျေးရွာအုပ်စုရှိ မြို့ဟောင်းကျေးရွာ မို့စပါးစံပြစိုက်ခင်းတွင် ပြုလုပ်ကျင်းပသည်။

အဆိုပါ စိုက်ပျိုးရေး ပညာပေးဟောပြောခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေလင်းညွှန့်က သစ်စိမ်း မြေသြဇာအသုံးပြုခြင်းဖြင့် မြေဆီမြေလွှာများ ကောင်းမွန်လာစေခြင်း၊ စိုက်ပါးအထွက်နှုန်းများ တိုးတက်လာစေခြင်းကို လည်းကောင်း၊ စပါးအထွက်နှုန်း တိုးတက်လာစေရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ သဘာဝမြေသြဇာများ စနစ်တကျအသုံးပြုခြင်း၊ ရောဂါပိုးမွှားများ ကျရောက်ပါက ကာကွယ်တိုက်ဖျက်ရမည့်နည်း
လမ်းများကိုလည်းကောင်း ဒေသခံတောင်သူများအား အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြုပ်ခြင်းကို ပြုလုပ်ရာ တောင်သူများမှကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မျိုးမင်းဦးပြန်/ဆက်