နေပြည်တော်   ဇွန်    ၇

 

သဘာဝပတ်ဝန်းကျင်အား  ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ် အာဝါသရ ရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက်   တစ်ဖက်တစ်လမ်းမှ အထောက်အကူ    ဖြစ်စေရန်  ရည်ရွယ်၍ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ နှင့် တိုင်းစစ်ဌာနချုပ် အသီးသီးတို့ တွင် ၂၀၁၁ ခုနှစ်မှစ၍   နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင် စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

 

ယနေ့တွင်     ၂၀၂၄    ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို   နေပြည်တော် ဇေယျာသီရိမြို့နယ်   ရေဆင်းဆည်အနီး၌    ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တက်ရောက်၍   ရတနာတန်းဝင်  ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

 

အဆိုပါအခမ်းအနားသို့ နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး   ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်  ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် ဇနီး၊   ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊   ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)ရှိ ရုံးဌာနအသီးသီးမှ  အရာရှိ၊ စစ်သည်များနှင့်  မိသားစုဝင်များ   တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး      မင်းအောင်လှိုင် က    အမှာစကားပြောကြားရာတွင်   တပ်မတော်အနေဖြင့်       မိုးရာသီသစ်ပင်   စိုက်ပျိုးပွဲတော် များကို  နှစ်စဉ်ကျင်းပပြုလုပ်၍ သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ  သစ်ပင်စိုက်ပျိုးပွဲတော် ၃၈ ကြိမ်   ပြုလုပ်ခဲ့၍ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့်  ဂေဟစနစ်ထိန်းသိမ်းရေးအတွက် သစ်ပင်များကို     စိုက်ပျိုး ခဲ့ကြကြောင်း၊   တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)   မိသားစုဝင်များအပါ အဝင်၊    တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၌ ၂၀၂၃ ခုနှစ်အထိ  သစ်ပင်ပေါင်း   (၂၁ ဒသမ ၇၅ သန်း) ၂၁၇၅၃၄၇၇ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်ဖြစ်ထွန်း မှုအနေဖြင့် (၁၄ ဒသမ ၃၁ သန်း) ၁၄၃၁၇၇၈၄ ပင် ရှင်သန်ဖြစ်ထွန်းခဲ့သည်ကို   တွေ့ရပြီး ၆၅ ရာခိုင်နှုန်းခန့် အောင်မြင်မှုရှိခဲ့သည်ကို  မှတ်တမ်းများအရ တွေ့ရကြောင်း။

 

မြန်မာနိုင်ငံတွင်   သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက်အရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉  ရာခိုင်နှုန်းသာရှိပြီး   တဖြည်းဖြည်း   လျော့နည်းလာ သည်ကို  တွေ့ရှိရသည့်အတွက် အလေးထားရန်   မှာကြားလို ကြောင်း၊ “ဥတုရာသီတောကိုမှီ” ဟုဆိုသည်အတိုင်း ရာသီဥတုမှန်ကန်ကောင်းမွန်ရေးအတွက်   သစ်ပင်သစ်တော များကို   ထိန်းသိမ်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ  စိုက်ပျိုးနိုင်ရေးအတွက်   သစ်ပင်သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လူနေထိုင် ရာအဆောက်အဦများ ဆောက်လုပ်ရန်၊ မြေအောက်သယံဇာတများ ထုတ်ယူရန်အတွက် သစ်ပင် သစ်တောများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့်   အကြောင်းအမျိုးမျိုးတို့ကြောင့်  သစ်ပင် သစ်တောများ ပြုန်းတီးမှု ပိုမိုများပြားလာခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူ  ကမ္ဘာ့ လူဦးရေသည်လည်း    တဖြည်း ဖြည်း ပိုမိုများပြားလာခဲ့ပြီး  လူနှင့်တိရစ္ဆာန်တို့မှ ထွက်ရှိသည့်အပူ ငွေ့များ၊ စက်ရုံ အလုပ်ရုံများ၊ မော်တော်ယာဉ်များမှ   ထွက်ရှိ သည့်အပူငွေ့များကြောင့် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြား၌    ရေကြီးရေလျှံမှုများ၊   မုန်တိုင်းတိုက်ခတ်မှုများ၊ မိုးခေါင်ရေရှားမှုများ စသည်ဖြင့်  ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၏ အကျိုးဆက်ကို   ကြုံတွေ့ရလျက်ရှိကြောင်း၊   သဘာဝဘေး အန္တရာယ်ဟူသည်မှာ  ရှောင်လွှဲ၍ရနိုင်သည်   မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်   ကာကွယ်မှုကောင်းခြင်းဖြင့်   ထိခိုက်ပျက်စီး မှုကို    အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ    အလယ်ပိုင်း ချောက်မြို့အနေဖြင့်     ယခုနှစ် နွေရာသီတွင်  ကမ္ဘာ့ အပူချိန်အမြင့် မားဆုံးမြို့အဖြစ် ပါဝင်ခဲ့သည်ကို တွေ့ရကြောင်း၊   မိုးခေါင်ရေရှား ဒေသ၊  မြေလတ်ပိုင်းဒေသများ၌  လွန်ခဲ့သည့်   နှစ် ၂၀ ခန့်မှစ၍ သစ်တောစိုက်ပျိုးရေး အလေးထားဆောင်ရွက်ခဲ့သော်လည်း သစ်ပင်သစ်တောများ  စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း  လုပ်ငန်းများကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် လိုအပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် အပူပိုင်းဇုန် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို   စနစ်တကျဖြင့် ပြန်လည်ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းရမည် ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ရေစီးရေလာကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး အမြဲမပြတ်   ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  မြစ်ချောင်းများ၌   ရေစီးရေလာကောင်းမွန်စေရေး၊  ရေဝင် ရေထွက်ပိတ်ဆို့မှု    မရှိစေရေး စစ်ဆေးဆောင်ရွက်နေမှသာလျှင်  ရေကြီးရေလျှံမှုများမဖြစ် မည်ဖြစ်ကြောင်း၊    သဘာဝကို  ကောင်းအောင်   ဖန်တီးသည်မှာ လူသားများပင်ဖြစ်သကဲ့သို့  ဆိုးအောင်    ဖန်တီးသည်မှာလည်း လူသားများပင်ဖြစ်သဖြင့်   လူသာလျှင် ပဓာနဖြစ်ကြောင်း၊   သဘာဝသစ်တောထွက်  သယံဇာတသစ် များကို   စည်းကမ်းစနစ်တကျ မဟုတ်ဘဲ အလွန်အကျွံထုတ်ယူ သုံးစွဲခြင်းများကို ဆောင်ရွက်ခြင်း၏ အကျိုးဆက်ကို ပြန်လည်ခံစား ကြရမည်ဖြစ်ကြောင်း။

 

ထို့ကြောင့် သစ်ပင်သစ်တော များကို ချစ်မြတ်နိုးကြရန်၊ တစ်ပင်စိုက် တစ်ပင်ရှင်ရမည်ဟူသည့် စိတ်မွေး၍   ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်ပြီး စနစ်တကျ စိုက်ပျိုးထိန်းသိမ်း သွားမည်ဆိုပါက နောင်လာနောက်သားများအတွက်    စိမ်းလန်းစိုပြည်သည့် သဘာဝပတ်ဝန်းကျင်ကို ရရှိခံစားစေ နိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကတည်းက စိုက်ပျိုးခဲ့သည့် အကျိုးဆက်ကို ယခုမိမိတို့ မျက်မြင် ခံစားနေ ရသည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်တွင်   စိမ်းလန်းစိုပြည်သည့်   ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့်   ရာသီဥတုကို လက်ဆင့်ကမ်းနိုင်ရေး   သစ်ပင်များကို  စနစ်တကျဖြင့်   ရှင်သန်ဖြစ်ထွန်းအောင်   စိုက်ပျိုးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို   ဦးဆောင်စိုက်ပျိုးပေးကြသည်။   ဆက်လက်ပြီး    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် ဇနီး၊  ကာကွယ်ရေးဦးစီး ချုပ်   (လေ)၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ  တပ်မတော်အရာရှိကြီးများ နှင့်   ဇနီးများ၊   အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ် နေရာအသီးသီးတွင် သစ်ပင်များ ကို စိုက်ပျိုးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်မိသားစုများ၏ စုပေါင်း  သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ယနေ့ပြုလုပ်သည့်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏   ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲ တွင် ရတနာတန်း ဝင် ကျွန်း  ၉၀၉  ပင်၊  ပိတောက် ၃၀၃ ပင်၊ မဟော်ဂနီ ၆၀၆ ပင်၊ မန်ဂျန်ရှား ၆၀၆ ပင် စုစုပေါင်း ၂၄၂၄ ပင် အား စုပေါင်းစိုက်ပျိုးခဲ့ကြ သည်။ ရေဆင်းဆည်ပတ်ဝန်းကျင် ၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်    ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)   မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ပထမ အကြိမ်   သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၃၉ ကြိမ် ကျင်းပပြုလုပ်၍ ရတနာ တန်းဝင် ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်      စုစုပေါင်း ၁၉၆၄၂၅   ပင်အား    စိုက်ပျိုးခဲ့ပြီး ဖြစ်သည်။

 

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီ သစ်ပင်စိုက်ပွဲများ   ကျင်းပ၍ ရတနာတန်းဝင်ပင်၊  စက်မှုကုန် ကြမ်းသီးနှံပင်၊  နှစ်ရှည်စားသုံး သီးနှံပင်၊ အရိပ်ရလေကာပင်များကို   စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၌  ၇၄၄၇  ပင်၊   မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌  ၈၄၃၅  ပင်၊   အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်၌   ၇၂၀၂ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၇၂၃၉ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း    စစ်ဌာနချုပ်၌ ၁၆၀၁၅ ပင်၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၌ ၁၃၅၃၃ ပင်၊  အရှေ့တောင်တိုင်းစစ်ဌာန ချုပ်၌ ၁၃၃၇၉ ပင်၊  ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၌ ၉၆၅၅ ပင်၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၇၄၈၆ ပင်၊   အနောက်တောင် တိုင်းစစ်ဌာနချုပ်၌  ၇၀၈၆  ပင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၈၃၇၄  ပင်၊    အနောက်မြောက် တိုင်းစစ်ဌာနချုပ်၌   ၉၀၀၂   ပင်၊ အလယ်ပိုင်း   တိုင်းစစ်ဌာနချုပ်၌ ၂၉၀၃၀ ပင်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၌   ၉၈၈၂  ပင်တို့ကို  တိုင်းမှူးများနှင့် တာဝန်ရှိသူများ က စုပေါင်းစိုက်ပျိုးခဲ့ကြပြီး  ယနေ့ တွင်     တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါ အဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီး နှင့်တပ်ရင်းတပ်ဖွဲ့များ၌  စုစုပေါင်း သစ်ပင်  ၁၆၆၁၈၉  ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်