ကာလိ အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ သီတင်းကျွတ်ကာလအတွင်း မီးရှူးမီးပန်းများ ရောင်းချနေမှုရှိ/မရှိနှင့် မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက စည်ပင်သာယာ မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စည်ပင်သာယာရေးဌာန မြို့ဦးစီးမှူး ဦးခင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ကာလိနယ်မြေမီးသတ်စခန်း လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကာလိမြို့ စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးဆိုင်များ မီးရှူးမီးပန်းများ ရောင်းချနေမှုရှိ/မရှိနှင့် မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေးအတွက် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ ဖြည့်တင်းထားရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မီးလောင်စဉ် မီးသတ်ဆေးဘူးများ စနစ်တကျ အသုံးပြုပုံတို့ကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထင်ထင် (ကာလိ ပြန်/ဆက်)