ကာလိ ဩဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီများ ပြတ်လပ်မှု မရှိစေရေးအတွက် ယနေ့နံနက်(၁၀)နာရီက စက်သုံးဆီများရောင်းဝယ်နေမှု အခြေအနေ၊ လက်ကျန်အခြေ အနေတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီအရောင်းဆိုင်များ ဆီများပြတ်လပ်မှုမရှိစေရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆန်းမြင့်သန်း၊ နယ်မြေစခန်းမှ စခန်းမှူးရဲအုပ်လှဟန် ၊ စည်ပင်သာယာရေးဌာန ၊ မီးသတ်ဦးစီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ စက်သုံးဆီများရောင်းဝယ်နေမှု အခြေအနေ၊ လက်ကျန်အခြေအနေတို့ကို သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ရာ ဆီဆိုင်များတွင် ပြည်သူများအတွက် စက်သုံးဆီများကို ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မုံရွာကိုယ်ပွား