ကာမိုင်း ဇွန် ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ဇွန် ၂ ရက်မှ ၁၂ ရက် နံနက်ပိုင်းအထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကာမိုင်းမြို့အနီးရှိ အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းရေ အနည်းငယ် မြင့်တက်လာကာ ပေ ၉၀၀ တံတားရှိ ကမ်းပါးရေတိုက်စားမှုနှင့် ကမ်းပါးပြိုကျခြင်း၊ ပေ ၃၀၀ တံတားရှိ ကြမ်းခင်းနှင့် ငါးပေအကွာထိ ရေတက်လာပြီး ကမ်းဘေးအနိမ့်ပိုင်းရှိ အိမ်ခြံဝင်းများသို့ ရေ တစ်ပေခန့် စတင်၀င်ရောက်ခဲ့သည်။
အဆိုပါ ချောင်းရေများသည် အိမ်များအတွင်း ခြောက်ပေခန့်အထိ ဆက်လက်၀င်ရောက်လာပါက ပြည်သူများအား ရွှေ့ပြောင်းပေးရန် လိုအပ်မည်ဖြစ်သည့်အတွက် ရေဘေးနှင့် သဘာ၀ဘေးဆိုင်ရာ အသိပေး နှိုးဆော်ခြင်းနှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအား မှာကြား ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းနှင့် စိုးရိမ်ရသည့် အနေအထားသို့ မရောက်ရှိသေးကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
လဆိုင်း(ပြန်/ဆက်)