ရန်ကုန်  ၁၆   ဒီဇင်ဘာ 

ကာတာနိုင်ငံအမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့    Novotel Yangon Max ဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ  Mr.Mansoor Mubarak Al-Khayarin နှင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့က ကာတာနိုင်ငံ၏   အမျိုးသားနေ့   အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် သံရုံးယာယီတာဝန်ခံတို့က တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

a

 

ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံရုံးယာယီတာဝန်ခံက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)