ဖြူး စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဒေသခံ ပြည်သူများ၏ ကျွဲနွားများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ဖြူးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျွဲနွားများအား လည်ချောင်းတို၊ လည်ပင်းနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)