ရန်ကုန် ၃၀ သြဂုတ်


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းတို့က ကြီးမှူးကျင်းပသော ကဗျာ့သဘော ကဗျာအရသာစကားဝိုင်းကို သြဂုတ် ၃၁ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်း ခန်းမ၌ ပြုလုပ်မည်ဖြစ်ရာ Myanmar Digital News လူမှုကွန်ရက်စာမျက်နှာ (facebook) မှ Live လွှင့်သွားမည်ဖြစ်သည်။


အဆိုပါ စကားဝိုင်းတွင် မြဝင်း(ဒဿန) ၊ မြင့်စိုးလှိုင်၊ ဒေါက်တာ အောင်ကြီးနှင့် မောင်လင်းရိပ်တို့ ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။


MDN