မကွေး ၁၈ မေ
မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီတော်မြတ်ကြီးတွင် ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ မေလ ၁၈ ရက်၊ ညနေပိုင်းက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်သူများ၊ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်ကို ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်သူများ၊ စေတီတော်မြတ်ကြီးအား မြို့ပေါ်နှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိရာ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက စေတီတော်မြတ်ကြီး၏ စောင်းတန်းတွင် ဘုရားဖူးလာပြည်သူများအား စတုဒိသာ အအေးများ ကုသိုလ်ပြုကျွေးမွေးလှူဒါန်းကြသည်။
မြသလွန်စေတော်မြတ်ကြီးတွင် နှစ်စဉ် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဝေဖြိုးလေး(မကွေး)