ပင်လည်ဘူး  ၂၈   နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လည်ဘူးမြို့၌ ကျွန်တော်များ ကမ်းလက်အလှူရှင်များအဖွဲ့မှ ကိုဗစ်-၁၉ ကာလတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွားရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား လတ်တလောစားသောက်ရေး အဆင်ပြေစေရန် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်နေ့က ကဒူးလူမျိုးများ နေထိုင်ရာဒေသ ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၀)တို့အား ကျွန်တော်များကမ်းလက် အလှူရှင်များအဖွဲ့မှ သွားရောက်ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။  

 

အဆိုပါ ထောက်ပံ့ပစ္စည်းများတို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ မြို့မိမြို့ဖ ဦးတင်ဦးတို့သည် ကျွန်တော်များ ကမ်းလက်အလှူရှင်များအဖွဲ့နှင့်အတူ ပင်လည်ဘူးမြို့နယ် မြောက်ပိုင်းဒေသ ကပ္ပန္တာကျေးရွာ၊ သင်္ဘောတာကျေးရွာ၊ မံစီလေးကျေးရွာ၊ တိုက်မွန်းကျေးရွာနှင့် ကဒူးလူမျိုးများနေထိုင်ရာ တောင်မော်ကျေးရွာ၊ မြောက်မော်ကျေးရွာ၊ မော်လင်ကျေးရွာနှင့် ပါအော့ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း(၁၀၀)တို့အား အိမ်ထောင်စု တစ်စုလျင် ဆန်(၃)ပြည်၊ ဆီ(၂၅)ကျပ်သား (၁)ဘူး၊ ငါးချဉ် (၂၀)ကျပ်သား (၁) ထုတ်၊ ဆီတိုဟူး(၁)ပုံး၊ ကြာဇံ(၁၀) ကျပ်သား(၁)ထုတ်နှင့် အဝတ်အစားများနှင့် အခြား ထောက်ပံ့ပစ္စည်းတို့ကို ပေးအပ်လှူဒါန်းခဲ့ကြပြီး မော်လင်ကျေးရွာနှင့် ပါအော့ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ကျွန်တော်များ ကမ်းလက်အလှူရှင်များအဖွဲ့မှ ကိုဗစ်-၁၉ ကာလတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အေခြခံလူတန်းစား အိမ်ထောင်စုပေါင်း (၆၂၈)ခုတိုအား လတ်တလော စားသောက်ရေးများ အဆင်ပြေစေရန် စားသောက်စရာပစ္စည်းများနှင့် အခြားထောက်ပံ့ပစ္စည်းတို့ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ကျွန်တော်များ ကမ်းလက် အလှူရှင်များအဖွဲ့မှ ဦးဆောင်လုပ်ကိုင်ဆောင်ရွက်နေသူ တစ်ဦးထံမှ သိရသည်။

မျိုးလွင်(ပြန်/ဆက်)