ကျောက်ဆည် ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့ဦးရပ်ကွက်တွင် ဧပြီ(၁၁)ရက်ည(၈)နာခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်း(၁၀၀)နှစ်ခန့်ရှိ လက်ပံပင် သစ်ကိုင်းကျိုးကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၅)လုံးပြိုကျပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါသစ်ကိုင်း ကျိုးကျရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်ဦးနှင့် သန္ဓေတပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်တပ်ဖွဲ့ဝင်(၅)ဦး၊ ရက်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် ရပ်မိရပ်ဖများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးပြည့်စိုးနှင့်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ သစ်ကိုင်းများ ရှင်းလင်းပေးပြီး လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သစ်ကိုင်းကျိုးကျမှုကြောင့် ဦးဆန်းလွင် အသက်(၆၂)နှစ် သေဆုံးခဲ့ပြီး လူနေအိမ်များ ပြိုကျပျက်စီးခဲ့ကြောင်းနှင့် အခြားလူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)