ကျောက်ဆည် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး ဖူလုံပိုလျှံရေး တိုက်နယ် ၁၂ ခု၊ ကွင်း ၂၁၇ ကွင်းတွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ မိုးစပါး ၅၂၇၉၉ ဧက စိုက်ပျိုးရန်လျာထားပြီး ၁၉၁၈၁ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
မိုးစပါးစိုက်ခင်းများ အောင်မြင်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပိုးမွှားကင်းစင်သည့် မျိုးသန့်မျိုး ကောင်းများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်း ပြည့်မီစေရေးအတွက် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျ သုံးစွဲစေရေး၊ ပေါင်းမြက်များ အချိန်မီနှိမ်နင်းရေး၊ ကင်းထောက် မှတ်တမ်းများယူပြီး ပိုမွှားရောဂါ ကြိုတင်ကာကွယ်နှိမ် နင်းပေးခြင်း၊ စိုက်ပျိုးရေ ချွေတာပြီး ရေသွင်းရေထုတ် မှန်ကန်စေရေး၊ သဘာဝမြေဩဇာများ၊ သဘာဝမှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ ကိုယ်တိုင်ပြုလုပ် သုံးစွဲစေရေး စသည့်နည်းပညာများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်