ကျောက်ဆည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာ တောင်သူ ဦးမောင်မောင်ညွှန့် ကွင်းအမှတ်(၁၄၇)တွင် ဆည်ရေဖြင့်စိုက်ပျိုးထားသော ရွှေမနော် နွေးစပါးစိုက်ဧက ၅.၂၃ ဧကအား ယနေ့နံနက် ၉ နာရီက စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးအခြောက်(၁၂၄.၄၅)တင်း ထွက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးများကို မင်းရဲစိုက်ပျိုးရေး နည်းပညာစင်တာတွင် ဇော်ဂျီ ဆည်ရေသောက်စနစ်ဖြင့် (၁၀၀)ဧက၊ ကင်းတား ဆည်ရေသောက်စနစ်ဖြင့် (၅၃)ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်းပညာစင်တာတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် (၂၅၀)ဧက၊ တမုတ် စိုက်ပျိုးရေး နည်းပညာစင်တာတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် (၁၅၀)ဧက စုစုပေါင်း(၅၅၃)ဧက စိုက်ပျိုးခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)