ကျောက်ဆည်   ဇန်နဝါရီ   ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ ၉၅၇၃ ဧက ရေပေးဝေနေသည့် မင်းရဲမြောင်း ရေတံခါး အဆောက်အအုံအား ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူပြီး ပြန်လည်ပြုပြင်လျက်ရှိသည်။

ရေတံခါးအဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် သန်း ၃၀ အကုန်အကျခံကာ ရေတံခါး အဆောက်အအုံ၏ အဝင်အထွက်နေရာများတွင် အလျား ၃၂ ပေ၊ အကျယ် ၁၁ ဒသမ ၇၅ ပေ၊ အမြင့် ၁၅ ပေ အတိုင်းအတာရှိ မြောင်းဘောင် ကြမ်းခင်းများ ကျောက်စီခြင်း၊ အလျား ၅ ဒသမ ၅ ပေ၊ အနံ ၅ ဒသမ ၅ ပေ အရွယ်အစားရှိ ရေတံခါးချပ် လေးခုနှင့် ဂီယာအုံများ အသစ်လဲပေးခြင်း လုပ်ငန်းများကို ဆောက်ရွက် လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများပြီးစီးပါက မင်းရဲရေမြောင်းမှ သီးနှံစုံစိုက်ပျိုးရေး အသုံးပြုလျက်ရှိသော မြေဧက ၉၅၇၃ ဧက အတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် လိုအပ်သလို ပေးဝေထိန်းညှိနှိုင်ပြီး ရေအလေအလွင့်ဆုံးရှုံးမှု လျော့နည်း စေကာ လိုအပ်သည့်ရေပမာဏ ပြည့်မီစွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)