ကျောက်ဆည် ၂၀ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်ဒဏ်ရာရှိခဲ့သူ အာမခံအလုပ်သမား(၂)ဦးအား အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ၁၀ဝ ရာခိုင်နှုန်းနှင့်အကူ ၁၀ ရာခိုင်နှုန်း ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူမှုဖူလုံရေး ရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်များ ထုတ်ပေးရာတွင် ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းကြူက ဆင်မင်းဘိလပ်မြေ စက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ဆွေလင်းအား အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ငွေကျပ် ၁၁၉၇၅၀၄၀ နှင့် Alpha ဘိလပ်မြေစက်ရုံမှ အာမခံ အလုပ်သမား ဦးဟန်ဇော်ဝင်းထက်အား အမြဲတမ်း မသန်စွမ်းမှု အကျိုး ခံစားခွင့် ငွေကျပ် ၁၇၃၉၆၄၀ အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်မင်းဘိလပ်မြေစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ ဦးအောင်ဆွေလင်းသည် စက်ရုံအတွင်း သန့်ရှင်းရေး ဆောင်ရွက်ရန်အတွက် သံပိုက်ရှည် ယူဆောင်ခဲ့ရာ သစ်ပင်နှင့် ဓာတ်အားလိုင်းကြိုး အနီးဖြတ်၍ သွားရောက်ခဲ့စဉ် ခြေချော်လဲ၍ ဓာတ်အားလိုင်းကြိုးနှင့် ထိမိရာမှ ခြေထောက်နှင့် လက်တို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့မှုကြောင့် ညာဘက်လက်နှင့် ဘယ်ဘက်လက်တို့တွင် တံတောင်ဆစ် အောက်မှ ဖြတ်တောက်ခဲ့ရခြင်း ဖြစ်သည်။
Alpha ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား ဦးဟန်ဇော်ဝင်းထက်သည် Cement Mill B* Inlet မှFresh Air အဝင် Pipe ကွေးအား Chain Block ဖြင့်အောက်သို့ချရာတွင် လက်ရန်းဖြင့်ညှပ်၍ ထိခိုက်ဒဏ်ရာ ရှိခဲ့မှုများကြောင့် အမြဲတမ်း မသန်းစွမ်းမှု အကျိုးခွင့် စုစုပေါင်းငွေကျပ် ၁၃၇၁၄၆၈၀/-ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းကြူက ပြောပြ၍ သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)