ကျောက်ဆည် ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဝင်များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့သည်။
ထို့နောက် အသက် (၁၀)နှစ်မှ(၁၅)နှစ်၊ အသက်(၁၅)နှစ်မှ(၂၀)နှစ် အခြေခံပညာ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲများ၊ အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲများနှင့် ဝါသနာရှင်အဆင့် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ကျောင်းသူများနှင့် ပြင်ပအနုပညာရှင်များအား ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)