ကျောက်ဆည်၊ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးလျက်ရှိကြောင်းနှင့် မိုးနှောင်းမြေပဲသီးနှံ(၂၈၀)ဧက လျာထားပြီး (၁၁၃)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
မိုးနှောင်းမြေပဲသီးနှံများကို ပန်းခွာ - ကျီးပြ - သင်ပျို - ကျီးအိပ် - ဒွေးလှ - ငါးဆူ - ရှားပင် ကျေးရွာအုပ်စုများတွင် (၅၂)ဧက၊ ဒါန်းတိုင် - ရန်ဘက်လို - ပေတော - ဘုံကွင်း - စင်းကွန်း ကျေးရွာအုပ်စုများတွင် (၄၆)ဧက၊ ဖျောက်ဆိပ်ပင် - ရွာသစ် - ရေသရောက် - ချောင်းဆုံ - သရက်ပင် - ရဲ - ကြောင် - ဇရစ်ခဲ - အုန်းကြော - ကြက်သားဟင်း ကျေးရွာအုပ်စုများတွင် (၁၆၂)ဧက၊ ဆူးလေကုန်း - ပေါက်ပင်ကွေ့ - မြေစိုမိုး - ပဲခင်း - ပေါင်လောင် - တောင်တော် - ကင်း ကျေးရွာအုပ်စုများတွင် (၂၀)ဧက စုစုပေါင်း (၂၈၀)ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မြေပဲသီးနှံစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်သည့် ရေဆင်း(၁၁)၊ မကွေး(၁၁)၊ မကွေး(၁၂)မျိုးများ စိုက်ပျိုးကြပြီး သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေပဲစိုက်တောင်သူများအား မြေပြင်ဆင်ခြင်း၊ မျိုးစေ့ချစိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်းများနှင့် ရိတ်သိမ်းသိုလှောင်ခြင်း နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)