ကျောက်ဆည် ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ အောင်မြင်စေရေး မြောင်းရေသောက်စနစ်ဖြင့် ရေးများပေးဝေလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်တွင် စိုက်ပျိုးမြေ ဧက (၅၈၀) ရေပြည့်ဝစွာ ရေပေးဝေနိုင်ရေး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၁၈.၀၀၀)သန်းဖြင့် သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးရန် လျာထားလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရေကျအဆောင်အအုံသည် ရေကျအမြင့်(၅)ပေ၊(၆)လက်မရှိကာ ကျားကာကျေးရွာအနီး၊ သင်းဒီ မြောင်း ပေတိုင်အမှတ် အာဒီ(၁၇+၀၈၀) တွင်တည်ရှိပြီး ပျက်စီးနေသည့် ရေကျအဆောက်အအုံ အထက်ပိုင်းနှင့် ရေကျ ကြမ်းခင်း၊မြောင်းနှုတ်ခမ်းကျောက်ဆလံများ ပြန်လည်ပြုပြင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးပါက သီးနှံမျိုးစုံစိုက်ပျိုးဧက (၅၈၀) အတွက် ရေများ ပေးဝေရာတွင် ကောင်းမွန်ဖြင့်မျှတစွာ စိုက်ပျိုးသီးနှံများ အောင်မြင်သည်အထိ လိုအပ်သည့် ရေပမာဏ ပြည်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)