ကျောက်ဆည် စက်တင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အဆက်မပြတ် ထိုးနှံပေး လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များနှင့် လူမှုရေး အသင်းဝင်များပူးပေါင်း၍  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

 

ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ် (၂၁၀၇၄၂)ဦး၊ ဒုတိယအကြိမ် (၁၈၇၃၂၄ )ဦး၊ တတိယအကြိမ် (၂၄၇၆၂)ဦးနှင့် စတုတ္ထအကြိမ် (၁၉၃၅)ဦး စုစုပေါင်း (၄၂၄၇၆၃) ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)