ကျောက်ဆည် ၃ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ်ပညာရေးဌာန၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများမှ ဒုတိယအကြိမ် အလှူငွေကျပ် ၁၁၄၄၅၀၀ ကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေများကို ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်ထံသို့ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် လှူဒါန်းငွေများအား ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ဆရာ/ဆရာမများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဒုတိယအကြိမ် အလှူငွေကျပ် ၁၁၄၄၅၀၀ ကို စုပေါင်းလှူဒါန်း ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မိမိအောင်က ပြောသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)