ကျောက်ဆည် ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဧပြီ ၁၁ ရက် နံနက် (၉)နာရီအချိန်တွင် ကာကွယ်ဆေးထိုးပြီးသူ (၂၈၄၉၀၇)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူအားလုံး ထိုးနှံပေးလျက်ရှိရာ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၁၆၅၂၄)ဦးနှင့် ပထမအသုတ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူ (၁၉၁၇၉)ဦး၊ ဒုတိယအသုတ်တွင် (၂၈၇၃၈)ဦး၊ တတိယအသုတ်တွင် (၅၂၃၇၅)ဦး၊ စတုတ္ထအသုတ်တွင် (၂၇၈၃၂)ဦး၊ ပဉ္စမအသုတ်တွင် (၃၄၂၁၆)ဦး၊ ဆဋ္ဌမအသုတ်တွင် (၁၁၅၅၆)ဦး၊ သတ္တမအသုတ်တွင်(၁၆၅၄၀)ဦး၊ အဋ္ဌမအသုတ်တွင်(၆၅၅၄)ဦး၊ နဝမအသုတ်တွင်(၅၉၃၀၂)ဦး၊ ဒဿမ အသုတ်တွင် (၆၈၆၀)ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးပြီးသူ(၅၂၃၁)ဦး စုစုပေါင်း (၂၈၄၉၀၇)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံ့ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)