ကျောက်ဆည် ၃ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ဇူလိုင် ၈ ရက်မှ (၁၇) ရက်အထိ မြို့နယ်လုံးကျွတ် ဆင်ခြေထောက် ကာကွယ်ဆေးများကို (၁၀)ကြာ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ကျွေးရာတွင်(၂) အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်ထားသူများနှင့် ရောဂါတစ်ခုခု ဆိုးရွားစွာ ခံစားနေသူများမပါဝင်ကြောင်းလည်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှသိရှိရသည်။
ထိုသို့ တိုက်ကျွေးရာတွင် ဆေးတိုက်ကျွေးမည့် လူဦးရေစာရင်းကောက်ယူခြင်းနှင့် ဆေးလိုအပ်မှုများ တွက်ချက်ခြင်း၊ ဆေးတိုက်ကျွေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်းများ ဆောက်ရွက်ထားရှိပြီး ဆေးတိုက်ကျွေးရာ၌ လိုက်နာရမည့်အချက်များ၊ ဆေးတိုက်ကျွေးနေစဉ်နှင့် ဆေးတိုက်ကျွေးပြီး နောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းများလည်းကိုလည်း မှာကြားထားပြီ ဖြစ်ကြောင်းလည်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးစီမံချက်တွင် ပါဝင်သော ဒေါက်တာအောင်ရဲကျော်၏ ပြောကြားမှုအရ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင်လူဦးရေ (၂၆၁၉၅၈) ရှိသော်လည်း ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည့်သူ စုစုပေါင်း (၂၄၇၈၈၅) ဦး ရှိကြောင်းလည်း သိရှိရသည်။
သက်မောင်(ခရိုင်၊ပြန်/ဆက်)


