ကျောက်ဆည် ဧပြီ ၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေရာဒေသအလိုက် ရေရရှိရေး နည်းလမ်းများအသုံးပြုပြီး နွေသီးနှံများ စတင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄  ခုနှစ် နွေပဲတီစိမ်းသီးနှံ (၄၉၀)ဧက လျာထားထားစိုက်ပျိုးလျက်ရှိရာ (၁၇၄)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

လျာထားနွေပဲတီစိမ်းသီးနှံများကို မင်းရဲမြောင်းရေဖြင့် တောင်နောက်ကျေးရွာအုပ်စုတွင် (၇)ဧက၊ အင်တိုင်း ကျေးရွာအုပ်စုတွင် (၄၇)ဧက၊ နွားတက်မြောင်းရေဖြင့် ပြည်ပန်းကျေးရွာအုပ်စုတွင် (၂၁)ဧက၊ သမန္တလင်း ကျေးရွာအုပ်စုတွင် (၅၃)ဧက၊ မြင်းကဘက်ကျေးရွာအုပ်စုတွင် (၁၆)ဧက၊ မုန့်ပေါင်းကျေးရွာအုပ်စုတွင် (၁၃)ဧက၊ လက်ပန်ဇင်ကျေးရွာအုပ်စုတွင် (၁၇)ဧက စုစုပေါင်း(၁၇၄)ဧက စိုက်ပျိုးပြီးကြောင်းနှင့် ပဲတီစိမ်းသီးနှံများ လျာထားဧကထက် ကျော်လွန်ရေးစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေပဲတီသီးနှံများစိုက်ပျိုးရာတွင် အပင်ဖြစ်ထွန်းမှု ကောင်းစေရန်နှင့် အထွက်နှုန်းသေချာစေရန်အတွက် မြေအမျိုးအစားနှင့် ရေရှိမှုအပေါ်မူတည်၍ တစ်ဧက အပင်ဝင်ဆန့်မှုတိကျစေသည့် သိပ္ပံနည်းကျစိုက်နည်းစနစ်များအပြင် မြေဘောင်များပြုလုပ်၍ ဘောင်ကြီးတင် စနစ်များဖြင့် စိုက်ပျိုးရေးတောင်သူများအား အသိပညာနှင့်နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)