ကျောက်ဆည် ၂၆ ဩဂုတ်


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ဩဂုတ်(၂၆)ရက်နံနက် (၉)နာရီက မြို့နယ်အဆင့် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာက မန္တလေးတိုင်းဒေသကြီးသည် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်နှစ်တိုင်း ခံစားရသည့် တိုင်းတစ်တိုင်းအဖြစ် ပါဝင်ကြောင်း၊ ထို့အပြင် စစ်ကိုင်းငလျင်ကြောပေါ်တွင် တည်ရှိနေသောကြောင့် ငလျင်ဘေးအန္တရာယ် လုပ်ငန်းများကိုပါ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။    


ထို့နောက် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောခဲ့ပြီး သင်တန်းကို တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဆည်မြို့နယ်၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများက သဘာဝ ဘေးလုပ်ငန်းများဆိုင်ရာ သင်ခန်းစာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပို့ချပြီး အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


သက်မောင် ခရိုင်(ပြန်/ဆက်)