ကျောက်ဆည်    နိုဝင်ဘာ     ၂၄
    
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံထွက်ရှိမှု လျောနည်းမှုမရှိရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲစင်ငုံ(၁၆၉၁)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
    
ပဲစင်ငုံသီးနှံသည် ကာလရှည်သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် ပဲတီစိမ်းသီးနှံ၊ ဝါသီးနှံ၊ နှမ်းသီနှံများအား သီးညှပ်အဖြစ်တွဲဖက်ပြီး အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ သီးညှပ်သီးနှံများရိတ်သိမ်း ချိန်တွင် မြေဆွခြင်း၊ပေါင်းလိုက်ခြင်းများနှင့် လိုအပ်သည့်ဖျန်းဆေးများ ဖြန်းပေးခြင်းဖြင့် အပင်များ ကြီးထွားသန်မာ၍ အပွင့်များဖြိုင်ဖြိုင်ပွင့်လာပြီး အသီးအကင်းများ စတင်သီးလာကြောင်းသိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပဲစင်ငုံသီးနှံများကို ကလေး၊ မှိုင်းပန်၊ ကုလားကျောင်း၊ ရဲဘော်ကြီးနှင့် ရဲယမန်း ကျေးရွာအုပ်စုများတွင် (၁၄၉၁)ဧက၊ သံရွာ၊ ပေါင်လောင်၊ တောင်တောနှင့် ကင်းကျေးရွာအုပ်စုများတွင်  (၂၀၀)ဧက စုစုပေါင်း(၁၆၉၁)ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် သီးနှံစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  နည်းပညာများ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ဦးစီးမှူးဦးကနေဒီထွန်းက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)