ကျောက်ဆည် ၁၆ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် နည်းပညာတက္ကသိုလ်တွင် အသွားအလာ ကန့်သတ်ထားရှိသူ ၃၄ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမူနာများရယူခြင်းကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 IMG-61bb IMG-61bb

 

ထိုသို့ဓာတ်ခွဲနမူနာများ ရယူရာတွင် Quarantine (၂၁)ရက် နေထိုင်နေကြသော တရုတ်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ရွာတော်ကျေးရွာမှ ၄ ဦး၊ ကျောက်ဆောက်ကုန်းမှ ၁ ဦး၊ မြောင်းဦးမှ ၁ ဦး၊ ရွှေအင်းမှ ၂ ဦး၊ အနောက်သာဂရမှ ၂ ဦး၊ အရှေ့သာဂရမှ ၈ ဦး၊ သံရွာမှ ၂ ဦး၊ သံချပ်ကုန်းမှ ၂ ဦး၊ အနောက်သပြေကုန်းမှ ၃ ဦး၊ ပင်တလည်မှ ၃ ဦး၊ ပွတ်တိုင်မှ ၅ ဦး၊ အင်းကုန်းကျေးရွာမှ ၁ ဦး စုစုပေါင်း ၃၄ ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများကို ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းထူး၊ ဒေါက်တာယဉ်မင်းမင်းစိန်၊ ဦးစီးအရာရှိ ဒေါက်တာအောင်မင်းခန့်နှင့် ဒေါက်တာအောင်ရဲကျော်တို့မှ ဆောင်ရွက်ခဲ့ကြပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာန(မန္တလေး)သို့ ပေးပို့ထားကြောင်း သိရသည်။

 

 IMG-171402a

 

ကျောက်ဆည်မြို့နယ် နည်းပညာတက္ကသိုလ်တွင် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု (၂၁)ရက်ထားရှိ ဆောင်ရွက်ခြင်း ဖြစ်သည်။

 

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)