ကျောက်ကြီး ၇ ဇွန်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က တောင်သူဦးကြီးများအတွက် ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိုးရာသီစိုက်ပျိုးစရိတ် စတင်ထုတ်ချေးပေးရာတွင် သောင်လယ်ကျေးရွာအုပ်စုရှိ တောင်သူ (၂၈၂) ဦး၏ ဧက (၁၇၂၆)ဧကအတွက် တစ်ဧကငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် (၂၅၈၉ ) သိန်းကျပ်အား ထုတ်ချေးပေးခဲ့သည်။ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာအုပ်စု (၃၃)ခု တောင်သူ (၇၈၃၆)ဦး ဧက(၅၄၉၀၆)အတွက် ငွေကျပ်သိန်းပေါင်း ၈၂၃၅၉ သိန်းကျပ်အား ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့ကတည်းက စတင်ထုတ်ချေးပေးလျက်ရှိပြီး ယနေ့အထိ ကျေးရွာအုပ်စု (၄)အုပ်စု ထုတ်ချေးပေးပြီးဖြစ်ကာ ကျန်အုပ်စုများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက သိရသည်။
ကိုသားကြီး(ကျောက်ကြီး)
