ကျောက်ကြီး ၅ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် မဲရုံ နှစ်ရုံ ဆောက်လုပ်ပြီးစီမှု အခြေအနေနှင့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးဆောင်ပြီး မြို့နယ်လမ်းဦးစီးဌာန AE ဦးသောင်းရွှေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုးတို့က ယာယီမဲရုံ နှစ်ရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်နှင့်အညီ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် စီမံဆောင်ရွက်ပြီး အဆင်ပြေလွယ်ကူစွာ ဆန္ဒမဲများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားလျက် ရှိကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ ပြောကြားချက်အရသိရသည်။
မြို့ပေါ်ရပ်ကွက် ခုနစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စု၌ လက်ရှိမဲရုံပေါင်း ၁၄၆ ရုံနှင့် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လက်ရှိနောက်ဆုံး ၈၇၈၈၁ ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ကိုသားကြီး( ကျောက်ကြီး)


