ကျောက်ကြီး  ၂၈ မေ 


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ဦးရွှေကျီး နေအိမ်ခြံဝန်းအတွင်း၌ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

  
ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သော်ဇင်အောင် က သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ဘယ်ရင်ဆိုင်ရမည်ကို ဟောပြောခြင်း၊နံရံကပ်ပိုစတာများ ရှင်းလင်းခြင်းနှင့် သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်းများ ဖြန့်ဝေးခြင်းများပြုလုပ်ပြီး၊ ပြန်/ဆက်ဌာနဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဖြစ်ပေါ်တတ်သည့် အန္တရာယ်ကိုသိရှိနိုင်စေရန် ပညာပေး ဇာတ်ကားများပြသခဲ့ကြောင်း သိရသည်။


ကိုသားကြီး(ကျောက်ကြီး)