ကျောက်မဲ ဇွန်  ၂၅
      
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဝမ်းကိုက်ရောဂါနှင့် တုပ်ကောင် သန်ကောင်ရောဂါ အကြောင်းအသိပညာပေး  Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
      
ရှေးဦးစွာ ကျောက်မဲခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရီ က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်  တိုင်းရင်းဆေးမှူးဒေါ်မျိုးမျိုးသန့်က ဝမ်းကိုက်ရောဂါနှင့် တုပ်ကောင် သန်ကောင်ရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ ၊ ရောဂါလက္ခဏာများနှင့် ပြုစုကုသနည်းများတို့ကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ 
       
ကျောက်မဲခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိဖွယ်အကြောင်းအရာများကိုရွေးချယ်၍ ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်ပြီး အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်းနှင့်  အဆိုပါ ဆွေးနွေးချက် ရုပ်သံ အပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွားမည်ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)