ကျောက်မဲ  ၉  မေ 

 

ကျောက်မဲမြို့နယ် အောင်မြေသာယာကျေးရွာ၊ အောင်မြေသာယာ သီလရှင်ကျောင်း၌ မေလ(၈)ရက်မွန်းလွဲ(၂)နာရီအချိန်က ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီ:ဌာနတို့ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီ:ဌာနမှ ဒုတိယဦးစီ:မှူး ဦးစိုင်းထွန်းသိန်းက ကိုရင်လေးများနှင့် သီလရှင်ဆရာလေးများအား အပူဒဏ်ကာကွယ်ရေးအတွက် ရှောင်ရန်၊ ဆောင်ရန် နည်းလမ်းများနှင့် ပြုမှုနေထိုင်ရမည့်အချက်များကို လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီ:ဌာနမှ ဦးစီ:မှူး ဒေါ်မျိုးသီရိသွယ်က သဘာဝဘေး အန္တရာယ်ဆိုင်ရာ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး စသည့်သဘာဝဘေးအန္တရာယ်များအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ 

 

ကျောက်မဲခရိုင်ပြန်/ဆက်

 

DSC0