ကျောက်မဲ ၃ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ယမန်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း ၁၅၄၆ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး တွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၊ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ အောက်တိုဘာလ ၂၉ ရက်နေ့မှနိုဝင်ဘာလ ၇ ရက်နေ့အထိ ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် မဲရုံပေါင်း ၉၉ ရုံရှိပြီး မဲဆန္ဒနယ် အမှတ် ၁ ၌ မဲဆန္ဒရှင် ၆၇၆၂၉ ဦး၊ မဲဆန္ဒနယ် အမှတ် ၂ ၌ မဲဆန္ဒရှင် ၅၀၄၆၆ ဦး စုစုပေါင်း မဲဆန္ဒရှင် ၁၁၈၀၉၅ ဦး ရှိရာ နိုဝင်ဘာလ ၂ ရက်နေ့ထိ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ၈၃၆ ဦးနှင့် အခြားကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇၁၀ ဦး စုစုပေါင်း ၁၅၄၆ ဦး လာရောက် မဲပေးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)