ကျောက်မဲ ၈ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နိူဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် နံနက် ၆ နာရီမှ စတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်းသိရသည်။
မဲရုံအသီးသီးသို့လာရောက် ဆန္ဒမဲပေးလျက်ရှိသည့် မဲဆန္ဒရှင် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ဆန္ဒမဲပေးနိူင်ရန် မဲရုံတာဝန်ရှိသူများက အဖျားတိုင်းခြင်း၊ ရေမလို လက်သန့် ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများဝေငှခြင်း ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာခြား၍ နေရာချပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူပေါင်း (၁၁၈၀၉၅) ဦး၊ မဲရုံပေါင်း (၉၉)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပါသည် ။
မိုင်းထွန်း(ပြန်/ဆက်)


