ကျောက်မဲ ၈  နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် နိူဝင်ဘာလ ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌  မဲရုံအသီးသီးတွင် နံနက် နာရီမှ စတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်းသိရသည်။

မဲရုံအသီးသီးသို့လာရောက် ဆန္ဒမဲပေးလျက်ရှိသည့်  မဲဆန္ဒရှင် ပြည်သူများကို ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ဆန္ဒမဲပေးနိူင်ရန်  မဲရုံတာဝန်ရှိသူများက အဖျားတိုင်းခြင်း၊ ရေမလို လက်သန့် ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများဝေငှခြင်း တစ်ဦးနှင့်တစ်ဦး ပေ ကွာခြား၍ နေရာချပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူပေါင်း (၁၁၈၀၉၅) ဦး၊ မဲရုံပေါင်း (၉၉)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပါသည်

မိုင်းထွန်း(ပြန်/ဆက်)