ကျောက်မဲ ၁၂ ဇွန်
ကျောက်မဲမြို့နယ် အတွင်းမှ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို မြို့နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ လူသုံးကုန်နှင့် အလှကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဇွန် ၁၂ ရက်က ကျောက်မဲမြို့ ရက်ကန်းနှင့် အသက်မွေးဝမ်းပညာ သင်တန်းကျောင်းခန်းမ၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဆပ်ပြာအမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခရင်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ မှန်ကြည်ဆေး၊ ကြွေပြားသန့်စင်ရည်စသည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာများကို သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းသို့ ကျောက်မဲမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ သင်တန်းသူ (၂၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇွန် ၁၈ ရက်ထိဖြစ်ကြောင်း ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN