မိုးညှင်း ၂၈  သြဂုတ် 


ကချင်ပြည်နယ် ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စားဥပဒေ မူကြမ်းဖြစ်ပေါ် လာစေရေးအတွက်အကြံပြုချက်များ ရယူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲ က မိုးညှင်းမြို့ စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
      

အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းက အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား ဥပဒေမူကြမ်းရေးဆွဲရေး အဖွဲ့ခေါင်းဆောင်) ဦးချန်တန်ခင်မှ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့အား ပြောကြားခဲ့သည်။


ဆက်လက်၍ ကျောက်မျက်ကဏ္ဍနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သောအကြောင်းအရာများကို ကျောက်မျက်ရတနာနည်းပညာရှင် Sone Sie Progran ၏ Stragic Advisory ဦးမုန်ဒန်မှ ကျောက်မျက်ရတနာ အသေးစားနှင့်လက်လုပ်လက်စား ဥပဒေနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကာ အခမ်းအနားသို့တက်ရောက်လာကြသော ကျောက်မျက်ပညာရှင်များ လုပ်ငန်းရှင်များမှ အုပ်စုဖွဲ့အကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။


အဆိုပါအခမ်းအနားအားTranspsrency and Accountability Network Kachin (TANKS)အဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များဖြစ်သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား ဥပဒေမူကြမ်းရေးဆွဲရေး အဖွဲ့ခေါင်းဆောင် ဦးချန်တန်ခင်နှင့် အဖွဲ့ဝင် ဒေါ်ဂျေထုဖယာ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးနှင့်အဖွဲ့ဝင်များ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် အဖွဲ့ဝင်များ ဒေသခံကျောက်မျက်လုပ်ငန်းရှင်များ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား (၂)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ချွန်တွန်း