ကျောက်ဖြူ ၇ အောက်တိုဘာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦးအား ရောဂါ သက်သာပျောက်ကင်းသဖြင့် ယနေ့ မွန်းလွဲပိုင်းက ဆေးရုံဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ ၁၀ ဦးအား မိမိနေအိမ်တွင် (Stay at Home) နေထိုင်ရမှာဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာကြရန် သမားတော်နှင့် သူနာပြုဆရာမများက မှာကြားပြီး ဆေးရုံဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပြီး ၎င်းတို့အား မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များက နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။
ကျောက်ဖြူမြို့တွင် ဩဂုတ် ၂၅ ရက်မှ အောက်တိုဘာ ၇ ရက်အထိ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၄၈ ဦးရှိရာ ယနေ့တွင် ရောဂါပျောက်ကင်းသူ ၁၀ ဦး ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံးဆင့်ခွင့်ရရှိသူ စုစုပေါင်း ၁၈၉ ဦးအထိရှိပြီဖြစ်ရာ ဆေးရုံတွင် ၅၉ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။
ဖြိုးဝေလင်း(ခရိုင်ပြန်/ဆက်)


