ကျောက်ဖြူ   ၂၁  အောက်တိုဘာ 

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ် ယူကြသည့် အငြိမ်းစားဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများမဖြစ်ပေါ်စေရန် အ တွက် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန် ချက်များနှင့်အညီ ဧပြီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။

 

ထိုသို့ထုတ်ပေးလျက်ရှိရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် လူအများအား စုပြုံထုတ်ယူခြင်းမရှိစေဘဲ လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ကြဉ်နိုင်ရန် သတ်မှတ်ထားသည့် ရပ်ကွက်များအလိုက်သာ ရုံးဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း၊  ယမန်နေ့က တောင်ရင်း၊ ငလပွေ့၊ စေတီတောင်၊ တောင်ရင်းတိုးချဲ့၊ ကုလားဘာတောင်၊ ရခိုင်ပိုက် ဆိပ်၊ ပြင်ဖြူမော်၊ ဆားပြင်းကွင်း စတဲ့ရပ်တွေက အငြိမ်းစားဝန်ထမ်း ၃၀ဝ ကျော်အတွက် ပင်စင် လစာများကိုထုတ်ပေးထားပြီးဖြစ်ကြောင်း၊  ယနေ့တွင်လည်း အစိုးရရပ်ကွက်၊ စေတီယျရပ်ကွက်၊ အရာရှိရပ်ကွက်၊ အုန်းတော၊ ဂုံးချိန်၊ ကညင်တော၊ သန်ပန်ချောင်း စတဲ့ ရပ်ကွက် ၇ ရပ်ကွက်က အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာတွေကို ထုတ်ပေးလျက်ရှိကြောင်း၊ ထုတ်ယူရန်ကျန်ရှိနေ သေးသည့်ရပ်ကွက်များမှ ပင်စင်စားများကိုလည်း ဘဏ်ဖွင့်ချိန်ရက်များတွင် ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် လည်းကောင်း၊ ငွေစုဘဏ်စာရင်းသို့ လွှဲပြောင်းပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျှက် ရှိကြောင်းနှင့် လစဉ်ပင်စင်ထုတ်သူဦးရေပေါင်းမှာ ၂၅၀၂  ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ခင်မြင့်ကြည်က ပြောကြားသည်။

 

ထို့နောက် ပင်စင်လာရောက် ထုတ်ယူသူများအတွက်လည်း လက်ဆေးရန်ရေကန်များ၊ ဆပ်ပြာဆီများ၊ တစ်ရှူးများ စီစဉ်ထားရှိပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ် ဝေသည့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ နှာခေါင်းစည်းများ မပါလာပါကလည်း ပေးဝေနိုင် ရန်စဉ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦးအား ခြောက်ပေအကွာမှနေစေ၍ ပင်စင်လစာများကိုထုတ်ပေး လျှက်ရှိကြောင်း သိရှိရသည်။

 

သတင်း/ဓါတ်ပုံ- တင်ထွန်းဦး- ဖြိုးဝေလင်း(ပြန်/ဆက်)